iFiveX Tablet ကို firmware ပြန်တင်မယ်


မင်္ဂလာပါ ခုဖော်ပြပေးမဲ့နည်းလမ်းလေးကတော့ ifivex tab အသုံးပြုတဲ့သူငယ်ချင်းများ firmware ပြန်မတတ်လို့ ကိုယ်တိုင်ပြန်တင်ချင်တဲ့သူငယ်ချင်းများအတွက်ပါ ။ သူငယ်ချင်းတစ်ယောက်ရဲ့ tab လေးကို ကိုယ်တိုင်လုပ်ပေးပြီးသားဖြစ်လို့ စိတ်ချလက်ချ ပြုလုပ်နိုင်ပါတယ်။ လိုအပ်မဲ့ဖိုင်လေးတွေကိုအရင်ဆုံးဒေါင်းမယ်နော် ပြီးမှ ဆက်ကြမယ်လေ။

Driver

>> Download <<

Firmware

>> Download <<

FNF Upgrade Tool

>> Download <<

ပြောဖို့မေ့သွားလို့ firmware က Android version က 4.1.1 ပါ။ အားလုံးဒေါင်းပြီးသွားရင်တော့ driver အရင်ဆုံးသွင်းထားပါ့မယ်။ အော် driver သွင်းနည်းလေးကို အရင်ဆုံးပြောပါ့မယ် Tab ကိုအရင်ဆုံးပါဝါပိတ်ထားလိုက်ပါ menu ကိုဖိထားပြီး ကွန်ပျူတာနဲ့ချိတ်ပါ ပြီးရင် အားသွင်းတဲ့ကြိုးကို အားထိုးပြီး tab ထဲမှာပါတဲ့ အားသွင်းပေါက်ထဲကိုထိုးလိုက်ပါ tab ပါဝါပွင့်လာပါလိမ့်မယ် ကြိုးအားလုံးကို ပြန်ဖြုတ်လိုက်ပြီး tab ကို ပါဝါ ပြန်ပိတ်လိုက်ပါ။ ပြီးရင်တော့ အသံတိုးတဲ့ခလုပ်ကိုဖွင့်ထားပြီး usb ထိုးလိုက်ပါ driver လာတောင်းပါလိမ့်မယ် device mananger ကနေ install လုပ်ပေးလိုက်ပါ မိမိ window နဲ့ သက်ဆိုင်သော driver ကိုတင်လို့ရအောင် အကုန်ထည့်ပေးထားပါတယ် ။




driver သိသွားပြီဆိုရင်တော့ firmware တင်ဖို့ နောက်တစ်ဆင့်တတ်ပါ့မယ်။ upgrade tool ကို install လုပ်ပြီး ဖွင့်လိုက်ပါ ဒေါင်းလုပ်လုပ်ထားပြီး ရလာသော firmware ဖိုင်ကို zip ဖြည်လိုက်ပါ အထဲမှာပါတဲ့ img ဖိုင်ကို upgrade tool ထဲကိုထည့်ပါ့မယ်


မျှားပြထားသောနေရာလေးကိုဖွင့်ပြီး fimware img ဖိုင်လေးကို ရွေးပေးလိုက်ပါ။
နောက်ဆုံးအနေနဲ့ကတော့ driver သိပြီးသားဖြစ်လို့ Menue key ကိုဖိထားပြီး ပထမ driver သွင်းခဲ့တုန်းကအတိုင်း usb တပ်မယ်၊ ပါဝါ ထိုးထားပြီး အားသွင်းပေါက်ကလေးကို ထိုးမယ်။




 ပါဝါပွင့်သွားရင်ပြန်ပိတ်ခဏစောင့်ပြီး tab ကို Vol (-) usb တပ်မယ် ၊ ပါဝါကြိုးလေးကိုပြန်တပ်ပါ။


မိမိဒေါင်းထားသော firmware img ဖိုင်လေးကို ရွေးပေးပြီး
 အောက်မှာ အောက်မှာဖော်ပြထားတဲ့ ဒုတိယနေရာကစာသားလေးနဲ့ ခလုပ်ကိုနှိပ်လိုက်ပါ။



နှိပ်ပြီးသွားရင်တော့ စာတန်းလေးတစ်ခုတတ်လာမှာပါ။ ဒီလိုမျိုးလေးပါ။


မျှားပြထားသော ခလုပ်လေးကိုနှိပ်လိုက်ပါ။

သူ့အလိုလိုတင်သွားပါလိမ့်မယ် နံပါတ်ကလေးတွေ သွားနေတာတွေ့ရမှာပါ။




စိတ်ရှည်စွာနဲ့စောင့်ပါ သိပ်မကြာပါဘူးခင်ဗျာ ။အောက်ကပုံလေးတတ်လာရင်ပြီးသွားပါပြီ။



မျှားပြထားသောခလုပ်လေးကိုနှိပ်လိုက်ပါ upgrade tool ပိတ်ပြီး tab ကို ဖြုတ်လိုက်ပါ။ ပြီးရင်တော့ tab ကို ပါဝါလေးဖွင့်ပေးလိုက်ပါ။ ခဏတော့လေးတော့ကြာပါတယ် စောင့်ပါ ခုမှ စတင်တာဖြစ်လို့ နဲနဲတော့ကြာပါတယ် loading တွေပြီးရင် သူ့ဖာသာတတ်လာပါလိမ့်မယ် ။ ကျွန်တော်ကိုယ်တိုင် စမ်းသပ်တင်ပြီးသားဖြစ်လို့ စိတ်ချလက်ချလုပ်ပါ အားလုံးအဆင်ပြေပါတယ်။  မည်သူမဆိုလွတ်လပ်စွာကူးယူဖော်ပြခွင့်ရှိပါတယ်။ by ဆိုပြီး www.pyayblogger.com ဆိုတာလေးကို တော့ထည့်ပေးစေချင်ပါတယ် အပန်းကြီးမဲ့ ကိစ္စလေးမဟုတ်ပါဘူးနော်.... လာရောက်အားပေးကြတဲ့သူငယ်ချင်းအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။

Comments

Popular Posts