Xperia Tablet S Style Keyboard on Your Android Device with ICS or JB
မင်္ဂလာပါခင်ဗျာ ခုပြန်လည်မျှဝေပေးဒါလေးကတော့ Xperia Table Style keyboard လေးကို Android Device တွေမှာ ယူသုံးလို့ရမဲ့ နည်းလမ်းလေးပါ။ ics နဲ့ jb မှာ အဆင်ပြေပါတယ် ခင်ဗျာ ပြုလုပ်ပုံလေးကတော့ လွယ်ကူပါတယ် Coustom recovery မှာ zip ဖိုင်လေးကို flash လုပ်ပေးလိုက်ရင်ကို ရပါပြီခင်ဗျာ။ လိုအပ်ချက်အနေနဲ့ကတော့ Root ဖြစ်ရပါ့မယ် coustom recovery တင်ပြီးသားဖြစ်ရပါ့မယ်။
Recovery mode ကိုတော့ မိမိ devices နဲ့ သက်ဆိုင်တဲ့ ခလုပ်တွေကို နှိပ်ပြီး ၀င်ပါခင်ဗျာ အမျိုးအစားတွေ များလွန်းတော့ ကျွန်တော် တင်ပေးရင် အခက်အခဲရှိလို့ပါ နောက် ကြုံကြိုက်ရင် တင်ပေးပါ့မယ်။ အလွယ်ကူဆုံး ၀င်လို့ရမဲ့ ဆော့ဝဲလ်လေးနှစ်ခုကိုတော့ တင်ပေးထားပါတယ် အဲဒီဆော့ဝဲလ်လေး install လုပ်ပြီး ၀င်ရင်လည်းအဆင်ပြေနိုင်လို့ပါခင်ဗျာ။Quick Boot 4.1
>> Download <<
Rapid Reboot v1.0
>> Download <<
Xperia Tablet style kb
>> Download <<
ပြုလုပ်ပုံလေးကတော့ keyboard zip လေးကိုမဖြည်ပဲ ဖုန်းထဲကိုထည့်ထားပေါ့နော် recovery ကနေ မိမိ rom ကို backup အရင်လုပ်ထားပါလို့အကြံပေးပါတယ်ခင်ဗျာ။ ပြီးမှ recovery ကနေ keyboard zip ဖိုင်လေးကို falsh ပြီး device ကို reboot လုပ်ပေးလို်က်ရင်ရပါပြီခင်ဗျာ။
Comments
Post a Comment